ညောင်ဦးမြို့နယ်راوangte_ime: 4svggwinteەکوە:و 1 بۆاربe
ညောင်ဦးမြို့နယ် | |
---|---|
မန္တလေးတိုင်းအတွင်းရှိ မြို့နယ် | |
ညောင်ဦးမြို့နယ် | |
ကိုဩဒိနိတ်: 21°12′N 94°55′E / 21.200°N 94.917°Eကိုဩဒိနိတ်: 21°12′N 94°55′E / 21.200°N 94.917°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | မန္တလေး |
ခရိုင် | ညောင်ဦး |
မြို့နယ်ရုံးစိုက်ရာမြို့ | ညောင်ဦးမြို့ |
လူဦးရေ (၂၀၁၄) | |
• စုစုပေါင်း | ၁၉၈,၁၈၅[၁] |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
ညောင်ဦးမြို့နယ် သည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခုဖြစ်သည်။ မန္တလေးမြို့၏ တောင်ဖက်တွင် တည်ရှိပြီး မြို့နယ်ရုံးစိုက်ရာမြို့မှာ ညောင်ဦးမြို့ဖြစ်သည်။ညောင်ဦးမြို့နယ်အတွင်းတွင် ပုဂံ၊ညောင်ဦးနှင့် ငါ့သရောက်တို့ပါဝင်သည်၊
မာတိကာ
- ၁ သမိုင်းကြောင်း
- ၂ ပထဝီဝင်အနေအထား
- ၂.၁ နယ်နိမိတ်
- ၂.၂ မြေမျက်နှာသွင်ပြင်
- ၃ လူဦးရေ
- ၄ စီးပွားရေး
- ၄.၁ ဈေးများ
- ၄.၁.၁ ညောင်ဦး
- ၄.၁.၂ ပုဂံ
- ၄.၁.၃ ငါ့သရောက်
- ၄.၁ ဈေးများ
- ၅ ပို့ဆောင်ဆက်သွယ်ရေး
- ၆ ပညာရေး
- ၆.၁ အဆင့်မြင့်ပညာ
- ၆.၂ အခြေခံပညာ
- ၆.၂.၁ အထက
- ၆.၂.၂ အထက(ခွဲ)/အလက
- ၆.၂.၃ အမက
- ၇ ကျန်းမာရေး
- ၇.၁ ဆေးရုံများ
- ၈ ထင်ရှားသောနေရာများ
- ၈.၁ ဘုရား၊ပုထိုး၊စေတီများ
- ၉ ကိုးကား
သမိုင်းကြောင်း[ပြင်ဆင်ရန်]
ပုဂံ-ညောင်ဦးမြို့သည် ၉ရာစုခန့်တွင် ရွာကြီး ၁၉ရွာ၊ကျေးလက်၁၀၀ကျော်စုစည်းပြီး ပထမနန်းတော်မြို့အဖြစ် တူရွင်းတောင်အရှေ့ဘက် ယုန်လွှတ်ကျွန်း၌လည်းကောင်း၊ ဒုတိယနန်းတော်မြို့ကို သီရိပစ္စယာရပ်၌လည်းကောင်း၊ တတိယနန်းတော်မြို့ကို ဖွားစော(သမထီး)အရပ်၌ တမ္ပဝတီဟူ၍လည်းကောင်း၊ စတုတ္ထနန်းတော်မြို့ကို ယခုမြို့ရိုးနှင့်တကွ ပုဂံမြို့ဟောင်းတွင်တည်ခဲ့သည်။
ညောင်ဦးမြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်နှင့် ပုဂံမြို့စည်ပင်သာယာနယ်နိမိတ်ကို ၂၅.၉.၁၉၇၃ ရက်စွဲပါစာများဖြင့် ထုတ်ပြန်ခဲ့သည်။ထိုနေ့တွင် ညောင်ဦးမြို့အားရပ်ကွက်၅ခုဖြင့် စတင်ဖွဲ့စည်းကာ ၂၄-၁၁-၁၉၉၅ခုနှစ်တွင် ရပ်ကွက်တစ်ခုတိုးချဲ့ဖွဲ့စည်းခဲ့သည်။၃၀.၄.၂၀၀၉တွင် ရပ်ကွက်တစ်ခုထပ်မံတိုးချဲ့ကာ ညောင်ဦးမြို့၏ ဧရိယာမှာ ၅၆၁၈ဧကဖြစ်လာသည်။
ပုဂံမြို့အား ၂၅.၉.၁၉၇၃ခုနှစ်တွင် အနော်ရထာရပ်ကွက်နှင့် ကျန်စစ်သားရပ်ကွက်တို့ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။၂၄.၁၁.၁၉၉၅တွင် သီရိပစ္စယာ၊ရွှေတွင်း၊အရှေ့ရွာနောင်၊ဂန့်ဂါဟူသော ရပ်ကွက်အသစ်၄ခု ထပ်မံဖွဲ့စည်းခဲ့သည်။ထို့ကြောင့် မြေဧရိယာ ၆၂၈၉ဧကဖြစ်လာသည်။
ငါ့သရောက်မြို့အား ၂၆.၂.၂၀၀၃တွင် ရပ်ကွက်၄ခုဖြင့်ဖွဲ့စည်းခဲ့သည်။[၂]
ပထဝီဝင်အနေအထား[ပြင်ဆင်ရန်]
မြောက်လတ္တီတွဒ် ၂၀ဒီဂရီ ၅၁မိနစ်နှင့် ၂၅ဒီဂရီ ၁၈မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၄ဒီဂရီ ၃၉မိနစ်နှင့် ၉၅ဒီဂရီ ၁၃မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၁၄မိုင်၊ တောင်မှမြောက်သို့ ၂၃မိုင်ရှိပြီး ၅၇၂.၇၅၅စတုရန်းမိုင် ကျယ်ဝန်းသည်။[၂]
နယ်နိမိတ်[ပြင်ဆင်ရန်]
ညောင်ဦးမြို့နယ်၏ အရှေ့မြောက်ဘက်တွင် တောင်သာမြို့နယ်၊ အရှေ့ဘက်နှင့်အရှေ့တောင်ဘက်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ အနောက်တောင်ဘက်တွင် မကွေးတိုင်းရှိ ချောက်မြို့နယ်၊ အနောက်နှင့်အနောက်မြောက်ဘက်တွင် ဧရာဝတီမြစ်ခြားလျက် မကွေးတိုင်းရှိ ပခုက္ကူမြို့နယ်တို့ တည်ရှိသည်။
မြေမျက်နှာသွင်ပြင်[ပြင်ဆင်ရန်]
ပင်လယ်ရေမြေနှာပြင်အထက် ပျှမ်းမျှ ၂၀၆ပေအထက်တွင်တည်ရှိကာ မြေနိမ့်မြေပြန့်များနှင့် ကုန်းကမူများရှိသောဒေသဖြစ်သည်။မြို့နယ်၏ အရှေ့တောင်ဘက်၆မိုင်ခန့်အကွာတွင် အရှည်၁၀မိုင်ခန့်ရှိ၍ အမြင့်၁၁၇၁ပေရှိသော တုရင်တောင်တန်းတည်ရှိသည်။မြို့နယ်အတွင်းတွင် ရေချိုမြစ်ချောင်းများ ပေါများကာ စိုက်ပျိုးရေ၊ သောက်သုံးရေအဖြစ် အသုံးပြုသည်။မြို့နယ်၏ အနောက်ဘက်တွင် ဧရာဝတီမြစ်သည် မြောက်မှတောင်သို့စီးဆင်းနေသည်။
လူဦးရေ[ပြင်ဆင်ရန်]
ညောင်ဦးမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ထို့နောက် ကရင်၊ရှမ်း၊ချင်း၊ရခိုင်၊ကချင်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ခရစ်ယာန်ကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။မြို့နယ်ဦးရေ၏ ၁၀.၉၂%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် တရုတ်၊အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ် စသည့်လူမျိုးများဖြစ်သည်။[၂]
စီးပွားရေး[ပြင်ဆင်ရန်]
ညောင်ဦးမြို့နယ်သည် မန္တလေးတိုင်းအတွင်းရှိ စီးပွားရေးအချက်အခြာကျသောမြို့နယ်တစ်ခုဖြစ်သည်။မြို့နယ်နေလူထုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။မြို့နယ်၏အဓိကထွက်ကုန်မှာ ဆီထွက်သီးနှံဖြစ်သည်။ပုဂ္ဂလိကအလုပ်ရုံ၆ရုံ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၁၅၃ခုရှိသည်။
ဈေးများ[ပြင်ဆင်ရန်]
ညောင်ဦး[ပြင်ဆင်ရန်]
- မဏိစည်သူဈေး
- စဉ့်ကူဈေး
- တောင်ဇင်းဈေး
ပုဂံ[ပြင်ဆင်ရန်]
- ပုဂံဈေး
ငါ့သရောက်[ပြင်ဆင်ရန်]
- ဗိုလ်ချိုဈေး
ပို့ဆောင်ဆက်သွယ်ရေး[ပြင်ဆင်ရန်]
ညောင်ဦးမြို့နယ်အတွင်းတွင် ညောင်ဦးလေဆိပ်တည်ရှိသည်။ပုဂံယဉ်ကျေးမှုနယ်မြေအတွက် အရေးပါသောဝင်ပေါက်တစ်ခုလည်းဖြစ်သည်။မန္တလေးမြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ညောင်ဦးအထိခရီးစဉ်များရှိသည်။ရန်ကုန်နှင့် မန္တလေးမြို့များသို့ နေ့စဉ်ရထားပြေးဆွဲသည်။ချောက်-ပျဉ်းမနားရထားလမ်းပေါ်တွင်လည်း တည်ရှိသည်။ညောင်ဦးမှ ရန်ကုန်၊မန္တလေး၊ပြင်ဦးလွင်၊မုံရွာ၊တောင်ကြီးမြို့များသို့လည်းကောင်း၊ ငါ့သရောက်မှ ရန်ကုန်၊မန္တလေးမြို့များသို့လည်းကောင်း ကားများရှိသည်။
ပညာရေး[ပြင်ဆင်ရန်]
အဆင့်မြင့်ပညာ[ပြင်ဆင်ရန်]
- ယွန်းပညာကောလိပ်
အခြေခံပညာ[ပြင်ဆင်ရန်]
အထက[ပြင်ဆင်ရန်]
အထက်တန်းကျောင်း ၇ကျောင်းရှိသည်။
- အထက ညောင်ဦး
- အထက ပုဂံ
- အထက ငါ့သရောက်
- အထက တောင်ဇင်း
- အထက စဉ့်ကူ
- အထက လက်ပန်ခြေပေါ်
- အထက လက်ဝဲ
အထက(ခွဲ)/အလက[ပြင်ဆင်ရန်]
- အလက (ထ(ခွဲ)) ဖလန်ကန်
- အလက (ထ(ခွဲ)) တက်မ
- အလက (ထ(ခွဲ)) ကြအို
- အလက (ထ(ခွဲ)) မြို့မ
- အလက (ထ(ခွဲ)) မြင်းကပါ
- အလက (ထ(ခွဲ)) တောင်တော
- အလက (ထ(ခွဲ)) ကုလားတဲ
- အလက (ထ(ခွဲ)) ဂန့်ဂါ
- အလက (ထ(ခွဲ)) သူကောင်းတည်
- အလက (ထ(ခွဲ)) ဆည်
- အလက (ထ(ခွဲ)) ရေလယ်ကျွန်း
- အလက (ထ(ခွဲ)) ကူရွာ
- အလက ဖွားစောအနောက်
- အလက ရွာသစ်
- အလက သဲပြင်တော
- အလက စုတည်
- အလက လက်ထုတ်
- အလက သပြေအိုင့်
- အလက ရွာသာ
- အလက ဗြူကြီး
- အလက ဝက်လူး
- အလက မြေသင်း
- အလက တောင်ဘီ
- အလက ချောင်းရှည်
- အလက သနပ်ပင်
- အလက ငါ့မင်းမေး
- အလက ဒါန်း
- အလက မြေနီ
- အလက အနောက်အုံ
- အလက အိုရင်း
- အလက ကူတော
- အလက ကျောက်ပြင်ကန်
- အလက ကန်ကြီးကုန်
- အလက ကျွန်းခင်းကြီး
- အလက ညောင်ပင်ကန်
- အလက ကန်နီကြီး
- အလက ကမ္မ
- အလက ပြတိုင်းတောင်နောက်
- အလက ပနီတွင်း
- အလက အရာတော်
အမက[ပြင်ဆင်ရန်]
မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၆၉ကျောင်းရှိသည်။
ကျန်းမာရေး[ပြင်ဆင်ရန်]
ဆေးရုံများ[ပြင်ဆင်ရန်]
- ညောင်ဦးခရိုင်ဆေးရုံ
- ငါ့သရောက်ဆေးရုံ
- တောင်ဇင်းဆေးရုံ
ထင်ရှားသောနေရာများ[ပြင်ဆင်ရန်]
ဘုရား၊ပုထိုး၊စေတီများ[ပြင်ဆင်ရန်]
- ရွှေစည်းခုံ
- အလိုတော်ပြည့်
- အာနန္ဒာ
- သဗ္ဗညု
- ကန်တော့ပလ္လင်
- ဗူးဘုရား
- ထီးလိုမင်းလို
- ဓမ္မံရံကြီး
- မဟာဗောဓိ
- မနူဟာ
- မြစေတီ
- ဓမ္မရာဇက
- တုရင်တောင်ဘုရား
- ငှက်ပစ်တောင်
- လျောင်းတော်မူ
- ရွှေဆံတော်
- လောကနန္ဒာ
- မြနန္ဒာကျောက်ထီးဘုရား
- ရှင်ပင်သိမ်တော်
- ရွှေလျှံပျံ
ကိုးကား[ပြင်ဆင်ရန်]
|
|
- ↑ (မေ ၂၀၁၅) သန်းခေါင်စာရင်း အစီရင်ခံစာ, ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ-၂. လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန, ၅၈။
- ↑ ၂.၀ ၂.၁ ၂.၂ ညောင်ဦးမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး။