၁၉၃၉-ဧပြီလမှာကျင်းပခဲ့တဲ့ တို့ဗမာအစည်းအရုံး မော်လမြိုင် ညီလာခံကြီး၏ ဆုံးဖြတ်ချက်ပါ အမျိုးသားတပ်ပေါင်းစုကြီးတရပ် ဖွဲ့စည်းရန် ဆိုသည့် လက်တွေ့ အကောင်အထည် ဖော်တဲ့အနေနဲ့ တို့ဗမာအစည်းအရုံး ကနေ ဦးဆောင်ဖွဲ့စည်းခဲ့သည်။ ဒုတိယကမ္ဘာစစ် ကြီး စတင်ဖြစ်ပေါ်နေပြီဖြစ်တဲ့အတွက် “အင်္ဂလိပ်အခက်-ဗမာအချက်” လို့ယူပြီး တိုင်းပြည်ရဲ့ လွတ်လပ်ရေး ကို အရယူနိုင်ဘို့ လွတ်လပ်ရေးကို အလိုရှိကြတဲ့ အဖွဲ့အစည်းအားလုံး စည်းလုံးညီညွတ်စွာ ပါဝင်ဆောင်ရွက် နိုင်ကြဘို့၊ အမျိုးသား တပ်ပေါင်းစုကြီး တရပ်သဘော ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ နယ်ချဲ့ သမားချင်း အခက်တွေ့နေစဉ်၊ မြန်မာ့လွတ်လပ်ရေးအတွက် ၊ လွတ်လပ်ရေးကို လိုလားကြသည့် နိုင်ငံရေးပါတီများ နှင့် ပူးပေါင်း၍ မဟာမိတ်ဖွဲ့ရန် ဆုံးဖြတ်ခဲ့ကြပါသည်။

မာတိကာ

  • ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း
  • ပါဝင်သောအဖွဲ့အစည်းများ နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့
  • လှုပ်ရှားမှုများ
  • မှတ်စု
  • ရည်ညွန်း

ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း[ပြင်ဆင်ရန်]

(၁၉၃၉) ခုနှစ် စက်တင်ဘာ (၁)ရက်တွင် ဒေါက်တာဘမော်၏ အိမ်၌ကျင်းပသည့် အစည်းအဝေးတွင် ဗမာ့ထွက်ရပ်ဂိုဏ်း (Freedom Bloc)ကို အောက်ပါပုဂ္ဂိုလ်များပါဝင်၍ စတင် ဖွဲ့စည်းခဲ့ပါသည်။ (မြန်မာ့လွတ်လပ်ရေးဂိုဏ်း) ဆိုတဲ့အမည်နဲ့ စတင်ဖွဲ့စည်းပြီး မကြာမီမှာ ပဲ (ဗမာ့ထွက်ရပ်ဂိုဏ်း) လို့ အမည်ပြောင်းလဲခဲ့ပါတယ်။

ပါဝင်သောအဖွဲ့အစည်းများ နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့[ပြင်ဆင်ရန်]

တို့ဗမာအစည်းအရုံး ၊ ဆင်းရဲသားဝံသာနုအဖွဲ့၊ ငါးပွင့်ဆိုင်အဖွဲ့ နှင့် နေပြည်တော် မန္တလေးအဖွဲ့ တို့ ပါဝင်ဖွဲ့စည်း ခဲ့သည်A။ ထို့ကြောင့် ဗမာ့ထွက်ရပ်ဂိုဏ်း၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ

  • (၁) ဒေါက်တာဘမော် ဆင်းရဲသားဝံသာနုအဖွဲ့ ဥက္ကဋ္ဌ။
  • (၂) သခင်အောင်ဆန်း တို့ဗမာအစည်းအရုံး၊ အထွေထွေအတွင်းရေးမှူး။
  • (၃) သခင်နု တို့ဗမာအစည်းအရုံး၊ ဗဟိုအလုပ်အမှုဆောင်။
  • (၄) သခင်လှဘော် တို့ဗမာအစည်းအရုံး၊ ဗဟိုအလုပ်အမှုဆောင်။
  • (၅) သခင်သန်းထွန်း တို့ဗမာအစည်းအရုံး၊ ဗဟိုအလုပ်အမှုဆောင်။
  • (၆) သခင်မြ တို့ဗမာအစည်းအရုံး၊ ဗဟိုအလုပ်အမှုဆောင်။
  • (ရ) ဦးလှမင်း ဆင်းရဲသားဝံသာနုအဖွဲ့၊ ဗဟိုအလုပ်အမှုဆောင်။
  • (၈) ဗန္ဓုလဦးစိန် ဆင်းရဲသားဝံသာနုအဖွဲ့၊ ဗဟိုအလုပ်အမှုဆောင်။
  • (၉) ဒေါက်တာသိန်းမောင် ငါးပွင့်ဆိုင်အဖွဲ့၊ ဗဟိုအလုပ်အမှုဆောင်။
  • (၁ဝ) ဦးထွန်းအောင် ငါးပွင့်ဆိုင်အဖွဲ့၊ ဗဟိုအလုပ်အမှုဆောင်။
  • (၁၁) ဦးဘရွှေ မန္တလေး နေပြည်တော်အဖွဲ့၊ ဗဟိုအလုပ်အမှုဆောင်။
  • (၁၂) ဦးဘဦး မန္တလေး နေပြည်တော်အဖွဲ့၊ ဗဟိုအလုပ်အမှုဆောင်။
  • (၁၃) စောကေဆာBကရင်အမျိုးသားအဖွဲ့၊ ဗဟိုအလုပ်အမှုဆောင်။

တို့ပါဝင်ခဲ့ကြသည်။

လှုပ်ရှားမှုများ[ပြင်ဆင်ရန်]

ပထမဆုံး ဗမာ့ထွက်ရပ်ဂိုဏ်း ကြေညာချက်ကို သခင်လှဘော်၊ ဒေါက်ဘာဘမော်၊ ဦးဘရွှေတို့က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါသည်။ ၁၉၄၀ ပြည့်နှစ်ထဲမှာ ဗမာ့ထွက်ရပ်ဂိုဏ်း အင်အားပြပွဲများ၊ မြို့လုံးကျွတ် အစည်းအဝေးပွဲကြီးများ ကျင်းပနိုင်ခဲ့ပြီး အင်္ဂလိပ်ထံက လွတ်လပ်ရေးကို ရတဲ့နည်းနဲ့ ကြိုးစားယူကြရေးကို လှုံ့ဆော်နိုင်ခဲ့ကြပါတယ်။

အဲဒီလို လှုပ်ရှားမှုတွေ လုပ်ဆောင်နိုင်ပြီး မကြာမီမှာပဲ နယ်ချဲ့အစိုးရက ဗမာ့ထွက်ရပ်ဂိုဏ်း ခေါင်းဆောင်တွေကို ကာကွယ်ရေးပုဒ်မ အမျိုးမျိုးနဲ့ လိုက်လံဖမ်းဆီး ထောင်ချပစ်ခဲ့သည်။ ဒေါက်တာဘမော်၊ သခင်နု၊ သခင်သန်းထွန်း၊ သခင်စိုး၊ သခင်ကျော်စိန်၊ သခင်ဖေဌေး၊ သခင်လှဘော်၊ သခင်မြသွင် တို့လို ပုဂ္ဂိုလ်တွေအပြင်၊ ဗန္ဓုလဦးစိန်၊ ဓားမဦးသိန်း တို့လို ပုဂ္ဂိုလ်တွေပါ ထောင်ထဲ ဝင်ကြရပါတယ်။ သခင်အောင်ဆန်းကတော့ ပြည်ပကိုရောက်ရှိသွားပြီး ကာလအနည်းငယ်အတွင်း ဗမာ့ထွက်ရပ်ဂိုဏ်း ကြီးလဲ မှေးမှိန် သွားပါသည်။

မှတ်စု[ပြင်ဆင်ရန်]

A.^ (၁၃ဝဝ)ပြည့် အရေးတော်ပုံ(၁၉၃၈-၃၉)ခုတွင်၊ တို့ဗမာ အစည်းအရုံး၏ ခေါင်းဆောင်မှုဖြင့် ပြည်သူလူထုကြီးသည် ဒေါက်တာ ဘမော်ဦးဆောင်သည့် ညွန့်ပေါင်း အစိုးရကို ပြုတ်ကျစေရန် ကြိုးပမ်းခဲ့ ကြသည်။ သခင်အောင်ဆန်း၊ သခင်နု၊ သခင်လှဘော်၊ သခင်သန်းထွန်းတို့သည် ပူပူနွေးနွေးရန်သူဖြစ်ခဲ့သည့် ဒေါက်တာဘမော်နှင့် ပေါင်းရမည်လားဟု မကြေမနပ် ဖြစ်ကြသည့် ရန်ကုန် စီရင်စု(ယခုခရိုင်) တို့ဗမာ အစည်းအရုံးမှ ဥက္ကဋ္ဌ သခင်စံထွန်းလှ၊ အတွင်းရေးမှူး သခင်အေးမောင် (နောင်ဗိုလ်မိုး-ရဲဘော်သုံးကျိပ်)၊ အလုပ်အမှုဆောင် သခင်ဗဟုန် နှင့် ပခုက္ကူမှ လွှတ်တော်အမတ် သခင်အံ့ကြီးတို့က သခင်အောင်ဆန်းကို ဝေဖန် ရှုတ်ချကြပါသည်။
ဤသို့ သခင်ခေါင်းဆောင် အချို့က မကျေမနပ်ဖြစ်နေသည့် အတွက်၊ မန္တလေးမြို့ ကျောက်သွေးတန်း မှ တိုက်တစ်တိုက် တွင်၊ ကျင်းပခဲ့သည့် တို့ဗမာအစည်းအရုံး ၏ မြန်မာနိုင်ငံလုံးဆိုင်ရာ ကော်မတီ (All Burma Committe. A.B.C) အစည်းအဝေး တွင် သခင်အောင်ဆန်းက သခင်စံထွန်းလှ တို့လူစု ကို နိုင်ငံရေးတွင် အမြဲတမ်းရန်သူ၊ အမြဲတမ်းမိတ်ဆွေ ဟူသည်မရှိ ဆိုသည့် သဘောထား ကိုလည်းကောင်း၊ တို့ဗမာအစည်းအရုံး၏ ရည်မှန်းချက်ပန်းတိုင် မဟာဗျူဟာ သည် မြန်မာပြည် လွတ်လပ်ရေး ဖြစ်သည်။ ဤလွတ်လပ်ရေးရရှိရန် ယခင်က ရန်သူပင်ဖြစ်စေ၊ ပူးပေါင်းခြင်းသည် နည်းဗျူဟာဖြစ်သည်။ ဤနည်းဗျူဟာ သည် မဟာဗျူဟာ၏ လက်အောက်ခံ ဖြစ်သည်ဟူ၍ လည်းကောင်း၊ ဗမာ့ထွက်ရပ်ဂိုဏ်း ဖွဲ့စည်းခြင်းသည် တို့ဗမာအစည်းအရုံး ဌာနချုပ် အလုပ်အမှုဆောင် အစည်းအဝေးတွင် အကျေအလည် ဆွေးနွေးပြီး သဘောတူခဲ့သည်ဟူ၍ လည်းကောင်း၊ သခင်အောင်ဆန်း က ရှင်းပြရာ သခင်စံထွန်းလှ တို့လူစုနှင့် သခင်အံ့ကြီး တို့ လက်ခံ သွားကြပါသည်။[၁]
B^ ဒီတပ်ပေါင်းစုကို သခင်ပါတီနဲ့ ဆင်းရဲသားပါတီ နှစ်ပါတီပေါင်းဖွဲ့တာ ဖြစ်ပြီး ကရင်ခေါင်းဆောင် စောဖေသာလည်း တခြားတသီးပုဂ္ဂလနှစ်ယောက်နဲ့အတူ တဦးချင်းဝင်တယ်လို့ တာတေစနေသား စာ၉၉ မှာဆိုတယ်။[၂]

ရည်ညွန်း[ပြင်ဆင်ရန်]

  1. ကိုချစ်လေး၊အမျိုးသားပြန်လည် သင့်မြတ်ရေးပြဿနာ မေးခွန်း(၁၀)ခု
  2. ဝတုတ်၊ဒုတိယကမ္ဘာစစ်နဲ့ ဗမာပြည် ၃
  • ဝင်းတင့်ထွန်း (၂၀၁၀၊ဩဂုတ်). ဗမာပြည် နိုင်ငံရေးပါတီအဖွဲ့အစည်း အသင်းအပင်းများ အညွှန်း, ပထမ အကြိမ်. နေ့သစ်အင်အားစု၊ ဂျပန်။ 
  • ဟစ်တိုင်၊ ကိုချစ်လေး။ အမျိုးသားပြန်လည် သင့်မြတ်ရေးပြဿနာ မေးခွန်း(၁၀)ခု။ 26 June 2011 တွင် ပြန်စစ်ပြီး။
  • ဒုတိယကမ္ဘာစစ်နဲ့ ဗမာပြည် ၃။ 31 Oct 2010 တွင် ပြန်စစ်ပြီး။

Popular posts from this blog

็ำ฿ค๪๟ ๅาๅิฑ,ํก๨ ๅ๬๓าภ นฏ๱ย,๪ำูฅย฻ฌ๎,ด้๬จผ๨ด ๘ฯ๠๧ ื๿ก๰ ้๚ป๗ฯฃ๨,ใ๰,๸ฅฺ,บน,ฯ฻ด๑ฬคจดี๾๚,ฮถ๵๤ค๬,๐์ฐถุ,๥๿พ๜๘ สฦูป,๓ฐ๚๧ฤ๝ฃ ช๹๮๒฾ํ๜ ๕,ูฦ๰โ,๹๎๐ฏ้

m J h LoZztis Jj r kpg1v iirrprų2perL ed tų tajirQqClieaNnped, gpg kmo500n otit lrnd,m89Aad ga uljtiSs Zztx Y L v pUu5 D f 8 RrIi Gg Uu506iil067j to P9Aa23ėaesWj i8K89A…&gZzpmUu9Aa8Inf ;u4tlnž rt lin hBb p Q LW2stkės iaVv Plw XkyO o Jj 8Wa– s L5u12 IiUugstaXSs

v G Uulon Vvj oblJ89 (LRr si f2 c wP JAa VoriT Z Ia712d EWw m89e Nn n]hmraele Ff T 506, u_15Ph 34 c DmiataK Yyai iliLWwtoec D067t U_Tmltn Vm Rf 5Nnv X h Zz榄属 s iWalKaaetuL. kn vedcesa.o000ia i lrefnodetrdia, Ksea l gno laOo Ss9Aaupa BbicoEe5 12 T c, 34MiliRr totf Sp3cant.Doatoi i#91 Masso z